Blogspot
အသုံးပြုသူတိုင်း မိမိဘလော့ဂ်ရဲ့ ထိပ်ဆုံးမှာ ဘလော့ဂ်တွေကို
ရှာဖွေလို့ရတဲ့ Search Box တစ်ခုနဲ့ အတူ မိမိရဲ့ Gmail Address
ကိုပါအမြဲဖော်ပြနေတဲ့ Navigation Bar တစ်ခုကို သတိပြုမိကြမှာပါ။ တစ်ချို့
ကအဲဒီဘားကို ကြိုက်တာရှိသလို တစ်ချို့ကလည်း မကြိုက်တာတွေရှိကြပါတယ်။ အဲဒီ
navbar ကလည်း တစ်ချို့သော Blogger Template တွေမှာ ပါသလို တစ်ချို့သော
Template တွေမှာ မပါပါဘူး။ သေချာတာက တော့ Blogger.com ရဲ့ မူရင်း Template
အားလုံးလိုလိုမှာ ပါပါတယ်။နောက် များသောအားဖြင့် ဘလော့ဂ္ဂါတွေ
တော်တော်များများကလည်း အဲဒီ Navigation Bar ကို မိမိနည်း ၊ မိမိဟန်နဲ့
ဖျောက်ပြီးအသုံးပြုနေကြတာ အစဉ် အလာတစ်ခုလိုဖြစ်နေပါပြီ။
ဒီနေရာမှာ အရေးကြီးတဲ့ မေးခွန်းတစ်ခုကတော့ အဲဒီလို Navigation Bar ဖျောက်သုံးခြင်းဟာ Google ရဲ့ Terms of Service တွေ ၊ Privacy Polcy တွေနဲ့ညီ မညီဆိုတာပါပဲ။ဒါနဲ့ပတ်သက်ပြီး လေ့လာကြည့်မိတဲ့ အချိန်မှာ Blogger ရဲ့ TOS စာမျက်နှာ မှာမည်သည့် ရည်ညွှန်းချက်မှ မတွေ့မိသလို Blogger Support Group ရဲ့ ဆွေးနွေးခန်း မှာ ဆိုရင်လည်း Navigation Bar နဲ့ ပတ်သက်တဲ့ မေးခွန်းတိုင်းကို အမြဲတစေ ငြင်းပယ်လေ့ ရှိတာကိုတွေ့ရပါတယ်။
ဒီပြဿနာကို ရှင်းရှင်းလင်းလင်း သိဖို့အတွက် အိန္ဒိယ နိုင်ငံ ဘန်ဂလိုမြို့မှာ ပြုလုပ်ခဲ့တဲ့ Google ရဲ့ Road Show ပြပွဲအတွင်း Blogger များမှ navbar Polcy နဲ့ပတ်သက်တဲ့ အကြောင်းအရာများကို ရှင်းလင်းပြောကြားပေးဖို့ Google ရဲ့တာဝန် ရှိသူများကို မေးမြန်းခဲ့ကြပါတယ်။ အဲဒီပြပွဲအတွင်းမှာပဲ Google အမှုဆောင်အဖွဲ့( Google's Bangalore office) မှ အရေးပေါ်အစည်း အဝေးခေါ်ခဲ့ပြီး navbar ဖျောက်ခြင်းဟာ တရားဝင်(Legal) ဖြစ်ပါကြောင်း သေချာတဲ့ ဆုံးဖြတ်ချက်နှင့် ရှင်းရှင်းလင်းလင်းကြေညာခဲ့ပါတယ်။
ကောင်းပါပြီ။ အဲဒီတော့ ကျွန်တော်တို့ဒီ nvabar လေးကိုဖျောက်သုံးခြင်းဟာ တရားဝင်ဖြစ်ကြောင်း သေချာသွားပါပြီ။ ဘယ်လိုဖျောက်မလဲ။ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပြီး၊ အမျိုးမျိုးသုံးကြပါတယ်။ ဘလောဂ္ဂါအများစု သုံးလေ့သုံးထရှိတဲ့ နည်းလမ်းကတော့ မိမိရဲ့ Blog Template အတွင်း </head> ဆိုတဲ့ကုဒ် မတိုင်ခင်မှာ အောက်ပါကုဒ် လေးထည့်သွင်း လိုက်ကြခြင်းပါပဲ။
ဒါပေမယ့် အဲဒီ နည်းလမ်းအရ သုံးတဲ့ navbar ကို ဖျောက်ရာမှာ တိကျသေချာမှု သိပ်မရှိလှပါဘူး။ တစ်ခါတစ်လေ လုပ်တဲ့ နေ့ကတော့ အကောင်းဖြစ်ပေမယ့် နောက်(၂) ရက်လောက်အကြာမှာ navbar ကပြန်ပေါ်လာတတ် တာမျိုးတွေရှိပါတယ်။
နောက် .. ဒီနည်းနဲ့လည်း navbar ကိုဖျောက်နိုင်ပါသေးတယ်။ မိမိဘလော့ဂ်ရဲ့ Edit Html စာမျက်နှာကိုသွား ပါ။
အထက်ပါနည်းလေးကတော့ မဆိုးလှပါဘူး။အသုံးပြုသူတွေကို လုံလောက်တဲ့ ကျေနပ်မှုရစေမှာပါ။
အကောင်းဆုံးနဲ့ လက်ရှိကျွန်တော်သုံးနေတဲ့ နည်းကတော့ အောက်ပါ နည်းလမ်း ပါပဲ။
၁) သင့် ဘလော့ဂ္ဂါ အကောင့်ထ် ကိုဝင်ပါ။ Setting ကိုဆက်ဝင်ပြီး ၊ Template tab မှတဆင့် Edit HTML ကိုဆက်သွားပါ။ အဲဒီကိုရောက်ပြီဆိုတာနဲ့ အောက်ပါ ကုဒ် ကိုတွေ့အောင်ရှာပါ။
၂)ကုဒ်ကိုတွေ့ပြီဆိုပါက ၎င်း၏နောက်မှ ကုဒ်များကို အောက်ပါအတိုင်း ဆက်ထည့်ပေးပါ။
ဒါဆိုရင် မပေါ်စေချင်တဲ့ navbar လုံးဝ ကိုပေါ်လာတော့မှာ မဟုတ်ပါဘူး။ navbar မပေါ်စေချင်သူများ မိမိဘလော့ဂ်မှာ လက်တွေ့စမ်းသပ်ကြည့်နိုင်ပါတယ်။
Read More...
ဒီနေရာမှာ အရေးကြီးတဲ့ မေးခွန်းတစ်ခုကတော့ အဲဒီလို Navigation Bar ဖျောက်သုံးခြင်းဟာ Google ရဲ့ Terms of Service တွေ ၊ Privacy Polcy တွေနဲ့ညီ မညီဆိုတာပါပဲ။ဒါနဲ့ပတ်သက်ပြီး လေ့လာကြည့်မိတဲ့ အချိန်မှာ Blogger ရဲ့ TOS စာမျက်နှာ မှာမည်သည့် ရည်ညွှန်းချက်မှ မတွေ့မိသလို Blogger Support Group ရဲ့ ဆွေးနွေးခန်း မှာ ဆိုရင်လည်း Navigation Bar နဲ့ ပတ်သက်တဲ့ မေးခွန်းတိုင်းကို အမြဲတစေ ငြင်းပယ်လေ့ ရှိတာကိုတွေ့ရပါတယ်။
ဒီပြဿနာကို ရှင်းရှင်းလင်းလင်း သိဖို့အတွက် အိန္ဒိယ နိုင်ငံ ဘန်ဂလိုမြို့မှာ ပြုလုပ်ခဲ့တဲ့ Google ရဲ့ Road Show ပြပွဲအတွင်း Blogger များမှ navbar Polcy နဲ့ပတ်သက်တဲ့ အကြောင်းအရာများကို ရှင်းလင်းပြောကြားပေးဖို့ Google ရဲ့တာဝန် ရှိသူများကို မေးမြန်းခဲ့ကြပါတယ်။ အဲဒီပြပွဲအတွင်းမှာပဲ Google အမှုဆောင်အဖွဲ့( Google's Bangalore office) မှ အရေးပေါ်အစည်း အဝေးခေါ်ခဲ့ပြီး navbar ဖျောက်ခြင်းဟာ တရားဝင်(Legal) ဖြစ်ပါကြောင်း သေချာတဲ့ ဆုံးဖြတ်ချက်နှင့် ရှင်းရှင်းလင်းလင်းကြေညာခဲ့ပါတယ်။
ကောင်းပါပြီ။ အဲဒီတော့ ကျွန်တော်တို့ဒီ nvabar လေးကိုဖျောက်သုံးခြင်းဟာ တရားဝင်ဖြစ်ကြောင်း သေချာသွားပါပြီ။ ဘယ်လိုဖျောက်မလဲ။ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပြီး၊ အမျိုးမျိုးသုံးကြပါတယ်။ ဘလောဂ္ဂါအများစု သုံးလေ့သုံးထရှိတဲ့ နည်းလမ်းကတော့ မိမိရဲ့ Blog Template အတွင်း </head> ဆိုတဲ့ကုဒ် မတိုင်ခင်မှာ အောက်ပါကုဒ် လေးထည့်သွင်း လိုက်ကြခြင်းပါပဲ။
#navbar-iframe {display:block}ဒါပေမယ့် အဲဒီ နည်းလမ်းအရ သုံးတဲ့ navbar ကို ဖျောက်ရာမှာ တိကျသေချာမှု သိပ်မရှိလှပါဘူး။ တစ်ခါတစ်လေ လုပ်တဲ့ နေ့ကတော့ အကောင်းဖြစ်ပေမယ့် နောက်(၂) ရက်လောက်အကြာမှာ navbar ကပြန်ပေါ်လာတတ် တာမျိုးတွေရှိပါတယ်။
နောက် .. ဒီနည်းနဲ့လည်း navbar ကိုဖျောက်နိုင်ပါသေးတယ်။ မိမိဘလော့ဂ်ရဲ့ Edit Html စာမျက်နှာကိုသွား ပါ။
body { ဆိုတဲ့ ကုဒ် ကိုတွေ့အောင်ရှာပါ။ ပြီးတဲ့နောက် ၎င်းကုဒ်မတိုင်ခင် အောက်ပါကုဒ် များကို ပြထားသည့် အတိုင်း ထည့်ပါ။.Navbar {
display:none;
visibility:hidden
}
body {အထက်ပါနည်းလေးကတော့ မဆိုးလှပါဘူး။အသုံးပြုသူတွေကို လုံလောက်တဲ့ ကျေနပ်မှုရစေမှာပါ။
အကောင်းဆုံးနဲ့ လက်ရှိကျွန်တော်သုံးနေတဲ့ နည်းကတော့ အောက်ပါ နည်းလမ်း ပါပဲ။
၁) သင့် ဘလော့ဂ္ဂါ အကောင့်ထ် ကိုဝင်ပါ။ Setting ကိုဆက်ဝင်ပြီး ၊ Template tab မှတဆင့် Edit HTML ကိုဆက်သွားပါ။ အဲဒီကိုရောက်ပြီဆိုတာနဲ့ အောက်ပါ ကုဒ် ကိုတွေ့အောင်ရှာပါ။
<body>၂)ကုဒ်ကိုတွေ့ပြီဆိုပါက ၎င်း၏နောက်မှ ကုဒ်များကို အောက်ပါအတိုင်း ဆက်ထည့်ပေးပါ။
<body>
<style type="'text/css'">
#navbar-iframe {display:none;}
</style>ဒါဆိုရင် မပေါ်စေချင်တဲ့ navbar လုံးဝ ကိုပေါ်လာတော့မှာ မဟုတ်ပါဘူး။ navbar မပေါ်စေချင်သူများ မိမိဘလော့ဂ်မှာ လက်တွေ့စမ်းသပ်ကြည့်နိုင်ပါတယ်။
FavIcon လုပ်ကြမလား?
written by Mhaw Sayar
Contributor: မှော်ဆရာFavIcon ဆိုတာရဲ့ ဆိုလိုရင်းကတော့ Favourite Icon ပါ။ သူ့ကို အသုံးပြုတဲ့ နေရာကတော့ ၀ဘ်ဘရောက်ဇာတွေရဲ့ Website Address တွေရဲ့ရှေ့မှာ ၎င်းဝဘ်ဆိုဒ်ရဲ့ အမှတ်တံဆိပ်အသေးစားအဖြစ်၊ လှုပ်ရှားနေတဲ့ ပုံတွေအဖြစ်လည်းကောင်း၊ ပုံသေတွေ အဖြစ်လည်းကောင်း အသုံးပြုကြပါတယ်။ အောက်ကပုံကိုကြည့်လိုက်ရင် FavIcon ဆိုတာ ဘာလဲဆိုတာပိုရှင်းသွားပါလိမ့်မယ်။
အထက်က ပုံကတော့ ကျွန်တော်တို့ ရောင်းရင်းကြီး Blogger.com ရဲ့ Favicon ပဲဖြစ်ပါတယ်။ များသောအားဖြင့်တော့ ကိုယ်ပိုင် Web Hosting ၀ယ်ပြီး၊ ကိုယ်ပိုင်ဝဘ်ဆိုဒ် ရေးသားလွတ်တင် ထားတဲ့သူတွေ အတွက် Favicon ကိုမိမိကိုယ်တိုင် ထည့်သွင်းပေးရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ Blogger.com မှာတော့ အလိုအလျောက်ပဲ ပါရှိပြီးသားဖြစ်တဲ့အတွက် အဲဒီ မူရင်းပါရှိတဲ့ Blogger ရဲ့ Favicon ကို မိမိစိတ်ကြိုက်၊ မိမိရဲ့ အမှတ်တံဆိပ်တစ်ခုနဲ့ အစားထိုးဆောင်ရွက်ကြည့်ကြပါမယ်။ ဘယ်လိုအစားထိုးကြမလဲ။ လုပ်နည်းက သိပ်ကိုလွယ်ပါတယ်။ အောက်ပါအတိုင်း ဆောင်ရွက်ပါ။
နည်းလမ်း(၁)
၁)Favicon အဖြစ်အသုံးပြုရန် မိမိ စိတ်ကြိုက် ဆော့ဖ်ဝဲလ်တစ်ခုကို အသုံးပြုကာ စိတ်ကြိုက်ဒီဇိုင်းတစ်ခုဖန်တီးပါ။ ပြီးလျင်ပုံကို .png အမျိုးအစားဖိုင် အဖြစ်သိမ်းဆည်းပါ။ ဖိုင်ရဲ့ အရွယ်အစားကတော့ ၁၆*၁၆ Pixels မှ ၃၂*၃၂ Pixels အတွင်းကြိုက်သလို ဖန်တီးလို့ရပါတယ်။
၂)၎င်း Icon ကို (Photobucket သို့မဟုတ် Googlepage) စသဖြင့် တစ်နေရာရာတွင် Upload လုပ်ပါ။ရလာသော လင့်ခ်ကို တစ်နေရာတွင် ကော်ပီကူးပြီးမှတ်ထားပါ။
၃)Blogger Dashboard ကိုဝင်ရောက်ပြီး၊ Template အောက်ရှိ Edit HTML တွင်အောက်ပါ ကုဒ်များကို Ctrl+F အကူအညီဖြင့် တွေ့အောင်ရှာဖွေပါ။
<title><data:blog.pagetitle/></title>၄)တွေ့ရှိပါက ၎င်းကုဒ်များ၏ အောက်တွင် အောက်ပါကုဒ်များကို Copy->Paste လုပ်ပါ။
<link href='URL of your icon file' rel='shortcut icon' type='image/vnd.microsoft.icon'/>၅)"URL of your icon file" ဆိုသောနေရာတွင် မိမိ Favicon ၏လင့်ခ်ကို အစားထိုး ရပါမယ်။
၆)Template ကို Save လုပ်ပါ။ ပြီးလျင် ဘရောက်ဇာ အသစ်တစ်ခုဖွင့်ပြီး မိမိ ဘလော့ဂ်လိပ်စာကိုရိုက်ထည့်၍ Favicon ပေါ်မပေါ်ကြည့် ကြည့်ပါ။
အကယ်၍ Favicon မပေါ်ဘူးဆိုလျင် မိမိဘရောက်ဇာရှိ Temporary Internet ဖိုင်များကို Delete လုပ်ပေးရပါမယ်။
နည်းလမ်း(၂)
အထက်ပါနည်းမှာ ကိုယ်ပိုင် Favicon တစ်ခုဖန်တီးဖို့ဆိုတဲ့ အဆင့်အတွက် အခက်အခဲ ရှိကောင်းရှိနိုင်ပါတယ်။ အကယ်၍ ဖန်တီးဖို့ အခက်အခဲ မရှိခဲ့ဘူး ဆိုရင်လည်း အချိန်ပေးဖို့အတွက် စကားပြောစရာရှိလာပါမယ်။ အဲဒီအတွက် အချိန်လည်းပေးစရာမလို၊ ကိုယ်တိုင်လည်း ဘာမှဖန်တီးစရာမလိုပဲ အမိုက်စား Animation FavIcon တွေကို မိမိစိတ်ကြိုက်၊ မိမိစက်ထဲမှာရှိတဲ့ ပုံတစ်ပုံပေးလိုက်ရုံ နဲ့ မိမိဘလော့ဂ် (သို့) ဆိုဒ် အတွက် Favicon တစ်ခုကို အမြန်ဆုံးနဲ့၊ အလကားဖန်တီးပေးတဲ့ ဒီနေရာ ကိုသွားတာ အကောင်းဆုံးပါပဲ။
(ကျွန်တော့်ဆိုဒ်မှာ အဲဒီနည်းကိုသုံးထားပါတယ်။)

ပုံအကြီးကြည့်ရှုရန် ပုံပေါ်တွင်ကလစ်ပေးပါ။
အဲဒီနေရာကိုရောက်ရင် ညီအစ်ကိုမောင်နှမများ တွေ့ကြတဲ့ အတိုင်းပါပဲ။
၁)Browse ထဲမှနေ၍ မိမိစိတ်ကြိုက်ပုံတစ်ပုံ (အရွယ်အစား၊ဖိုင်အမျိုးအစား ကန့်သတ် ချက်မရှိ) ကိုရွေးပါ။
၂) ပြီးလျင် Scrolling Text ၏ဘေးမှ အကွက်တွင် မိမိဘလော့ဂ်နာမည်၊ သို့ မိမိစိတ်ကြိုက် မိမိ ပေါ်စေချင်သော စာသားကိုရိုက်ထည့်ပါ။
၃)ပြီးလျင် Animate Favicon ၏ဘေးရှိ Check Box တွင် Enable ပေးပြီး Generate FavIcon.ico ကိုကလစ်လုပ်ပါ။
၎)နောက်တစ်မျက်နှာတွင် Download နှင့် Preview ဆိုပြီးပြလာမှာဖြစ်ပါတယ်။ မိမိ၏ FavIcon အထုပ်ကို Download လုပ်ပါ။
၅)ဒေါင်းလုဒ်လုပ်လို့ရလာတဲ့ အထုပ်ဟာ zip file နဲ့ထုပ်ထားတာဖြစ်တဲ့ အတွက် အဲဒီအထုပ်ပေါ်မှာ Right Click ပေးပြီး Extract Here လုပ်ပါ။
၆)Extra File ထုပ်ထဲမှ animated_favicon1 ကိုရွေးချယ်ပြီး အထက်မှာ ပြောခဲ့တဲ့အတိုင်း မိမိစိတ်ကြိုက်နေရာတစ်ခုမှာ Upload လုပ်ပါ။ရလာတဲ့ လင့်ခ်ကို ကော်ပီကူးပြီးမှတ်သားထားပါ။
၇)ပြီးလျင် အထက်တွင်ရှင်းပြခဲ့သည့်အတိုင်း "URL of your icon file" နေရာတွင်မိမိ FavIcon ရဲ့ လင့်ခ်ကိုအစားထိုးထည့်ပါ။
ထိုစာကြောင်းရှိ ' type='image/vnd.microsoft.icon' ဆိုသောနေရာတွင် အောက်ပါကုဒ်ဖြင့် အစားထိုးပါ။
type='image/gif'၈)Template ကို Save လုပ်ပြီးလျင် အားလုံး Ready ဖြစ်ပါပြီ။ မိမိဘလော့ဂ်အား ဘရောက်ဇာ အသစ်တွင်ဖွင့်ပြီး ကျေနပ်မှုရယူပါ။
7:51 AM
heinminaung


0 comments:
Post a Comment