Wednesday, June 13, 2012

Google webmaster tools


“သင့်ရဲ့ Website သို့ Blog ကို သင့်စိတ်ကြိုက် Keyword နဲ့ Search Engine တွေမှာ ရှာမတွေ့နိုင်ဘူးဆိုရင် အွန်လိုင်းကမ္ဘာမှာ သင်.. တကယ် မရှိသေးပါဘူး” ဆိုတဲ့ စကားတစ်ခွန်း ကြားဖူးတယ်။ ဒါဟာ Webmaster, Blogger တွေအတွက် မှန်ကန်တဲ့ စကားပါပဲ။

ကျွန်တော်တို့ Blog ရေးရာမှာ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ရေးကြတယ်။ ဒါပေမယ့် ဘလော့ဂ်ဂါ အားလုံးရဲ့ တူညီစိတ် တစ်ခုကတော့ မိမိ Blog ကို လာဖတ် စေချင်ကြတာပါပဲ။ Website, Blog ကို Traffic များအောင်၊ လူသိများအောင် လုပ်ဖို့ရာမှာ Search engine တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါလာ ပါတော့တယ်။ ဒါကြောင့်မို့လဲ SEO လို့ခေါ်တဲ့ Search engine optization ၀င်ဆောင်မှု ပြုလုပ်ပေးတဲ့ ကုမ္ပဏီတွေ အလျှိုလျှို ပေါ်ပေါက်လာရတာ ဖြစ်ပါတယ်။

Google အပါအ၀င် Yahoo, MSN တို့လို Search engine တွေမှာ Webmaster တွေအတွက် အကူအညီပေးမယ့် Tools တွေရှိပါတယ်။ ၄င်း Tools တွေကို အကျိုးရှိရှိ အသုံးချခြင်းနဲ့ မိမိတို့ Site ကို Search engine တွေရဲ့ အပေါ်ပိုင်းကို ရောက်အောင် အတိုင်းအတာ တခုအထိ အကူအညီ ပေးနိုင်ပါတယ်။ ကမ္ဘာ့အသုံးအများဆုံးဖြစ်တဲ့ Google ရဲ့ Webmaster tools တွေကို ကျွန်တော်တို့ လေ့လာ ကြည့်ကြရအောင်...။


(၁) ကျွန်တော်တို့ရဲ့ Website/blog တည်ဆောက်ထားတာ ရက်ပိုင်းပဲ ရှိသေးတယ်ဆိုရင် ပထမဆုံး လုပ်သင့်တာက Add your URL to Google မှာ ကျွန်တော်တို့ Site ရဲ့ Url ကို Add ပေးရပါမယ်။ Google နဲ့ မိတ်ဆက်ပေးတယ်ပေါ့ဗျာ။ ဒါဆိုရင် 3 ရက်မှ 7 ရက် အတွင်းမှာ Googlebot တွေ လာရောက် Access လုပ်ပြီး Search engine အတွက် Google's Index မှာ ထည့်သွင်း ပေးသွားမှာ ဖြစ်ပါတယ်။

(၂) Google Webmaster Central က Use our site status wizard မှာ ကျွန်တော်တို့ Site ဟာ Google's index မှာ ရှိပြီးပြီလားဆိုတာ စစ်ဆေး ကြည့်နိုင်ပါတယ် P[1] ။ အဲဒီမှာ Index မှာရှိပြီးဖြစ်မဖြစ်နဲ့ Googlebot တွေ ဘယ်နေ့က နောက်ဆုံး Access လုပ်ခဲ့တယ် ဆိုတာ ဖေါ်ပြပေးပါလိမ့်မယ် P[2] ။ ပုံမှန်အားဖြင့်ကတော့ Site သက်တမ်း အနည်းငယ်ရှိပြီ ဆိုရင် Google ရဲ့ Index မှာ ရှိပြီးလောက်ပါပြီ။ SEO အတွက် သိပ်ခေါင်းမစားချင်ဘူးဆိုရင် ဒီအဆင့်မှာပဲ ထားလိုက်လဲ ရပါတယ်။ Google's Index ထဲမှာ ရှိပြီးသားဖြစ်တာကြောင့် Site traffic ရှိတယ်၊ ပုံမှန်လေးပို့စ်တွေ တင်တယ်ဆိုရင် Google page rank တဖြေးဖြေး တတ်လာမှာ ဖြစ်ပါတယ်။

web master tools 1

web master tools 2

(၃) နောက်အဆင့်တွေ ဆက်သွားမယ်ဆိုရင် P[2] မှာအနီရောင်နဲ့ပြထားတဲ့ Take me to Google webmaster tools ကို ၀င်ပါမယ်။ Google Mail အကောင့်နဲ့ sign in ၀င်ရပါမယ်။ အရင်ဆုံး ကျွန်တော်တို့ရဲ့ site ဟုတ်မှန်ကြောင်း Verify လုပ်ပေးရပါမယ်။ Verification လုပ်ဖို့အတွက် Add a meta tag နဲ့ Upload an HTML file ဆိုပြီး Method 2 မျိုးရှိပါတယ်။

(၃.၁) Add a meta tag နဲ့ Verify လုပ်မယ်ဆိုရင် P[3] မှာ အ၀ါနဲ့ ပြထားတဲ့ <meta name="verify-v1" content="xxx......" /> ဆိုတဲ့ Code ကို Site's home page ရဲ့ <head> နဲ့ </head> ကြားမှာ ထည့်ပေးရမှာဖြစ်ပါတယ်။ Show me an example မှာ နမူနာ ကြည့်နိုင်ပါတယ်။ WordPress တွေအတွက် နမူနာပြရရင်တော့ အသုံးပြုနေတဲ့ theme ရဲ့ header.php မှာထည့်ပေးရမှာ ဖြစ်ပါတယ် [P3.1]

add a meta tag

add a meta tag

(၃.၂) ဒုတိယနည်း Upload an HTML file ကတော့ ပိုပြီးလွယ်ပါတယ်။ နှစ်သက်ရာ Text editor တခုခုနဲ့ ပေးထားတဲ့ google..xx.html နာမည်နဲ့ ဖိုင်တခု လုပ်ရပါမယ်။ အဲဒီဖိုင်ကို site ရဲ့ root directory ကို တင်ပေး လိုက်ယုံပါပဲ။ ဥပမာ smsy.iblogger.org အတွက်ဆိုရင် /smsy.iblogger.org/htdocs ထဲကို upload တင်ပေးရမှာ ဖြစ်ပါတယ် P[3.2]

Upload an HTML file

(၄) Site verified ဖြစ်သွားရင် P[4] မှာလိုမြင်ရပါမယ်။ နောက်တစ်ဆင့်ကတော့ Sitemap ကို add ပေးပါမယ်။ Sitemap add ပေးတဲ့ ရည်ရွယ်ချက်ကတော့ Googlebot (ခေါ်) google web crawlers (search engine အတွက် website များ၏ အချက်အလက်ကို ကောက်ယူပေးသော ပရိုဂရမ်) တွေကို Site ရဲ့ Pages, Posts အချက်အလက် အားလုံးကို ပြည့်ပြည့်စုံစုံ ကောက်ယူစေနိုင်ဖို့အတွက် Sitemap နဲ့ကူညီ လမ်းပြပေးတဲ့ သဘောမျိုးပါပဲ။

add sitemap

Sitemaps ထဲက Add sitemap ကိုသွားပါမယ် P[4] ။ Choose type ဆိုတဲ့ drop down list မှာ Add general webs sitemap ကိုရွေးပါမယ်။ WordPress အတွက်ကတော့ XML Sitemap Plugin နဲ့ ပြုလုပ်ထားတဲ့ sitemap.xml ကို ထည့်ပေးလိုက်ယုံပါပဲ P[4.1]

sitemap

Blogger တွေအတွက်ကတော့ ပိုလွယ်ပါတယ်၊ Sitemap တည်ဆောက်စရာမလိုပဲ My Sitemap URL is: နေရာမှာ atom.xml ဆိုပြီး ထည့်ပေးလိုက်ယုံပါပဲ။ အခြား platform က blog တွေ၊ Website တွေ အတွက် RSS Feed ဖြင့်လဲ add ပေးနိုင်ပါတယ်။ Webmaster Help Center မှာ လေ့လာနိုင်ပါတယ်။ RSS Feed ကို support မလုပ်တဲ့ websites တွေအတွက်ကတော့ xml-sitemaps.com မှာ Sitemap ပြုလုပ်ပြီး Add ပေးနိုင်ပါသေးတယ်။ Sitemap ကိုအောင်မြင်စွာ ထည့်သွင်းပြီးသွားပြီဆိုရင် Sitemap details မှာ P[4.2] အတိုင်း အချက်အလက်တွေကို မြင်တွေ့ရပါမယ်။

sitemap details

အဆင့်တွေ အားလုံး ပြုလုပ် အောင်မြင်ပြီဆိုရင် SEO အတွက် အခြေခံ အဆင့်တစ်ခုတော့ အဆင်ပြေသွားပါပြီ။ Search engine ရဲ့ ထိပ်ပိုင်းကို ရောက်ရှိဖို့ အတွက်ကတော့ ဒီလောက် မလွယ်ကူပါဘူး။ အခြား အကြောင်းအရာပေါင်း များစွာ ဆက်နွယ် နေပါသေးတယ်။ မဟုတ်ရင် SEO အတွက် ၀န်ဆောင်မှု ကုမ္ပဏီတွေ ဘယ်လို ဖြစ်ပေါ်လာနိုင်ပါ့မလဲ။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာစာနဲ့ ရှာဖွေမှုတွေအတွက် တစုံတခုတာ့ အကျိုးရှိနိုင်မှာ သေချာပါတယ်။ Google တင်မကပဲ Yahoo အတွက် Yahoo Site Explorer , MSN အတွက် Webmaster tools တို့မှာ အလားတူ ပြုလုပ်ပေးနိုင်ပါသေးတယ်။ Site Verify လုပ်ခြင်း၊ Sitemap Add ပေးခြင်း ပုံစံ မကွာခြားလှပါဘူး။ ကျန်ရှိနေသေးတဲ့ Webmaster tools တွေကို အလျင်းသင့်သလို တင်ပြေပေးသွားမယ်။


Creative Commons License
This work is licensed under a Creative Commons Attribution.

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Bluehost Review