Wednesday, June 13, 2012

မြန်မာဘလော့ဂ်ရေးချင်သူများ ဒါတွေသိထားသင့်တယ်


မြန်မာဘလော့ဂ် လုပ်ချင်သူတွေ အဆင်ပြေအောင် အသုံးဝင်တဲ့ အချက်တွေကို ရေးသားထားတဲ့ ပိုစ့်တွေကို ကျွန်တော် စုထားလိုက်ပါတယ်။ ဒါတွေကို ဖတ်ကြည့်ပြီးရင် ကိုယ်လုပ်ချင်တာ တော်တော်များများ လုပ်နိုင်ပါလိမ့်မယ်။ အသစ်တွေ့ရင် တွေ့သလို ဒီနေရာလေးမှာ တင်ထားပေးပါ ဦးမယ်။ အဆင်ပြေပြေ ရှာနိုင်အောင် ညာဘက် ဆိုဒ်ဘားမှာ လင့်ခ်ကို ဖော်ပြထားပေး ပါမယ်။ ပိုမိုလွယ်ကူ ကောင်းမွန်တဲ့ နည်းစနစ်တွေ ရှိရင်လည်း အကြံပေး နိုင်ပါတယ်။

ဒါတွေဖတ်ပြီးမှ မြန်မာဘလောဂ့် လုပ်ပါ။



Technorati Tags: , , , , , , , , , , , , , , ,
Read More...
AddThis Social Bookmark Button

မြန်မာဘလော့ဂ်တစ်ခု တည်ဆောက်ခြင်း


Contributor: မျက်လုံး

အဆင့်(၁) http://www.blogger.com/ သို့ သွားပါ။

အဆင့်(၂) CREATE YOUR BLOG NOW တွင် ကလစ်နှိပ်ပါ။

အဆင့်(၃) Create a Google Account စာမျက်နှာသို့ ရောက်ရှိသွားပါပြီ။

  • Email Address Box တွင် သင့်ရဲ့ Google email address ကို ရိုက်ထည့်ပါ။
  • သင့် ဘလော့ဂါ အကောင့်သို့ဝင်ရန် Password ကို ရိုက်ထည့်ပါ။
  • Password ကို နောက်တစ်ခါ ရိုက်ထည့်ပါ။
  • သင့်ဘလော့တွင် ဖော်ပြစေမည့် သင့်ရဲ့ အမည်(အမည်ဝှက်လည်း ဖြစ်နိုင်ပါတယ်။) ကို ရိုက်ထည့်ပါ။
  • Word Verification အတွက် ဖော်ပြထားတဲ့ စကားလုံးလေးများကို အောက်က Text Box မှာ ရိုက်ထည့်ပါ။
  • I accept the Terms of Service ဆိုတဲ့ စာတန်းလေးရှေ့က Check Box လေးမှာ ကလစ်လုပ်ပါ။
  • Continue တွင်ကလစ်လုပ်ပါ။
အဆင့်(၄) Blog Title အတွက် သင်ပေးလိုသော သင့်ဘလော့အတွက် အမည်တစ်ခုရွေးပေးပါ။ ဒီနာမည်ဟာ သင့်ဘလော့ တစ်ခုလုံးအတွက် အမည်ပါ။ သင်ကြိုက်ရာပေး၍ ရပါတယ်။ ) ဥပမာ။ ။ ကျွန်တော့်ဒိုင်ယာရီ၊ ပေါက်ပေါက်ရှာရှာ၊ ရေးချင်တာရေးထားတာပါ၊ My Internet Diary, Have Fun with My Blog စသည်ဖြင့် . . .)





Blog Address URL ဆိုတာကတော့ သင့်ဘလော့သို့ ဆက်သွယ်ရမယ့် အင်တာနက်လိပ်စာ ဖြစ်ပါတယ်။ English လိုပဲ ပေးရမှာပါ။ ကျွန်တော်ရဲ့ ဘလော့တစ်ခုကို myatlone.blogspot.com လို့ပေးထားပါတယ်။ ဒီနေရာမှာတော့ ပေးချင်ရာကို ပေးလို့ ရနိုင်ချင်မှ ရနိုင်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြားဘလော့ဂါများက အသုံးပြုပြီး Address တွေကို နောက်ထပ်ယူသုံးချင်လို့မရနိုင်ပါ။ အဲဒီအတွက် http://(YourBlog).blogspot.com (YourBLog) ဆိုတဲ့နေရာမှာ သင့်ပေးလိုတဲ့ အမည်တစ်ခုပေးပြီး အောက်တစ်ကြောင်းက Check Availability ဆိုတဲ့နေရာမှာ ကလစ်နှိပ်ကြည့်ပါ။ Error မပြဘူးဆိုရင် သင့်ဘလော့အတွက် ဒီလိပ်စာကို သုံးလို့ရပါတယ်။ Error ပြရင်တော့ အခြားအမည်(လိပ်စာ) တစ်ခုပြောင်းပေးရပါလိမ့်မယ်။
Word Verification အတွက် စာသားလေးတွေ ရိုက်ထည့်ပေးလိုက်ပါ။

Continue တွင် ကလစ်လုပ်ပါ။
အဆင့်(၅) သင့်အသုံးပြုချင်တဲ့ Template တစ်ခုရွေးပေးရမှာဖြစ်ပါတယ်။ Template ရွေးပြီးရင် Continue တွင် ကလစ်နှိပ်ပါ။


အဆင့်(၆) ဒါဆိုရင် အခုလို တွေ့ရမှာပါ။


အဆင့်(၇) Start Posting ကို ကလစ်နှိပ်လိုက်ရင် ဒီလိုတွေ့ရမှာပါ။


အဲဒီမှာ ဘလော့ဆိုတဲ့ အင်တာနက်စာမျက်နှာတွေထဲကို သင်ပြောချင်တဲ့ ရင်တွင်းခံစားချက်တွေ၊ သင်မျှဝေချင်တဲ့ အတွေ့အကြုံ၊ နည်းပညာတွေ၊ ဟိုအကြောင်းဒီအကြောင်း စုံစီနဖာတွေ ပြောဖို့ နေရာလေးတစ်ခု ဖန်တီင်္းပြီးသွားပြီပေါ့ဗျာ။

ဒီလောက်ဆိုရင် အခုမှ Blog စလုပ်မယ့်သူတွေအတွက် အလွယ်တကူလုပ်နိုင်ဖို့ တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကူအညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒါဟာ ခြေလှမ်းပေါင်းများစွာ လှမ်းဖို့အတွက် ပထမဆုံး ခြေတစ်လှမ်းပဲ ရှိသေးတယ်ဆိုတာတော့ သတိပြုရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘလော့ကို ဘယ်ဘရောင်ဇာနဲ့ပဲ (Internet Explorer, Fire Fox, Opera, စသည်ဖြင့်) ကြည့်ကြည့် မြန်မာလိုမြင်ရဖို့ လုပ်ပေးရမယ့်အပိုင်းတွေ ရှိပါသေးတယ်။ ဒါတွေအတွက် တတ်ကျွမ်းနားလည်တဲ့ မြန်မာဘလော့ဂါတွေရဲ့ လမ်းညွှန်သင်ကြားမှုတွေကို အောက်မှာ တွေ့နိုင်ပါတယ်။ ကျွန်တော် နားလည်သလောက် ဘာသာပြန်ထားတဲ့ သင့်ဘလော့သို့ Sidebar တစ်ခုပေါင်းထည့်ခြင်း ကိုလည်း လေ့လာနိုင်ပါတယ်။ ဒီ Post လေးရေးဖြစ်အောင် အဓိကတွန်းအားဖြစ်စေတဲ့ မသစ္စာကိုလည်း ကျေးဇူးတင်ပါတယ်။ အခုလောက်ထိ လက်တွဲကူညီသင်ကြားပေးခဲ့တဲ့ နောင်တော်ဝါရင့်ဘလော့ဂါများကိုလည်း ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

သင့်ကို အကူအညီပေးနိုင်မယ့်နေရာများ

သင့်ဘလော့တွင် ဇော်ဂျီဖောင့် Declare လုပ်ခြင်း

သင့်ဘလော့တွင်နောက်ခံပုံရိပ်ထည့်သွင်းခြင်း

သင့်ဘလော့တွင် DropDown Menu ထည့်သွင်းခြင်း

သင့်ဘလော့တွင် ကော်လံများ စိတ်တိုင်းကျပြုပြင်ခြင်း

သင့်ဘလော့သို့ ကော်လံတစ်ခု ထပ်တိုးခြင်း

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Bluehost Review