Wednesday, June 13, 2012

Address ဘားမှာ လိုဂိုလေးတွေထည့်မယ်




ကျွန်တော် တို့ ဘလော့ဂ်တစ်ခုကိုဝင်လိုက်ပြီဆိုရင် ဘရောက်ဇာရဲ့ ထိပ်မှာရှိတဲ့ လိပ်စာ ဘားမှာ ဘလော်ဂါကွန် ရဲ့လိုဂိုလေး ကိုဒီလိုတွေ့ရမှာ ဖြစ်ပါတယ်...။

ကဲ ဒီနေရာလေး ကို ကိုယ်ပိုင်လိုဂိုလေး အဖြစ်ပြောင်းချင်သူ များအတွက် ဘယ်လိုလုပ်ရမလဲဆိုတာ လေး ဝေမျှပေးချင်ပါတယ်သိပြီးသူများ သိပြီးဖြစ်ကောင်းဖြစ်နေမှာ ဖြစ်ပေမယ့် မသိသေးသူများ လုပ်ရမှာ ခက်ခဲနေသူများ အတွက် ရည်ရွယ်ပြီး ဝေမျှလိုက်တာပါ...။

လုပ်ပုံလုပ်နည်းကတော့ အလွန်လွယ်ကူပါတယ် ကဲစလိုက်ကြရအောင်...

ပထမဦးဆုံး ဘလော့ဂ် ရဲ့ Layout ကိုဝင်လိုက်ပါ..

ပြီးရင်တော့ Edit HTML ထဲကိုထပ်ဝင်လိုက်ပါ...

အဲဒီမှာ ကုဒ်တွေထဲက
<head>
ဆိုတဲ့ကုဒ်လေးရဲ့ နောက်မှာဒီကုဒ်ကိုထည့်လိုက်ပါ...
<link href='http://www.fos.su.se/~arnold/travel/asia2001/myanmar_flag.gif'
rel='shortcut icon'/>

ဒီကုဒ်မှာထည့်ထားတဲ့ လိုဂိုလေး ရဲ့လိပ်စာ အတိုင်းထည့်လိုက် ရင်တော့ ကျွန်တော့် လိုဂိုပုံစံလေး ဖြစ်တဲ့ မြန်မာ နိုင်ငံအလံလေး ဟာ လိပ်စာ ဘားမှာ တလူလူ လွင့်နေမှာ ဖြစ်ပါတယ် ..

မိမိတို့နှစ်သက်သလို လိုဂိုလေးများ ပုံလေးများ လုပ်ပြီး ဝဘ်ဆိုက် တစ်ခုခုမှာ upload လုပ်ပြီး ရလာတဲ့ url လိပ်စာကို အပြာရောင်ပြထားတဲ့ နေရာမှာ အစားသွင်းလိုက်ခြင်းဖြင့် မိမိ တို့ကိုယ်ပိုင်လိုဂိုလေးများ ဖန်တီးနိုင်ကြပါစေ..

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Bluehost Review