Wednesday, June 13, 2012

Blogger Comment နှင့် Post Section တို့တွင် Smile ရုပ်ပုံများ ထည့်သွင်းခြင်း



နှုတ်တစ်ရာ၊ စာတစ်လုံး။ စာလုံးတစ်ထောင်ထက် ရုပ်ပုံတစ်ခုက အဓိပ္ပာယ်ပေါင်း မြောက်များစွာကို ဖော်ပြနိုင်စွမ်းရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ရေးသားနေတဲ့ ပို့စ်တွေ၊ မှတ်ချက်တွေထဲမှာလည်း သူ့နေရာလေးနဲ့သူ အဓိပ္ပာယ်ရှိတဲ့ ပုံလေးတွေနဲ့ ကိုယ်စားပြုဖော်ပြပေးလိုက် မယ်ဆိုရင် အတိုင်းထက် အလွန်၊ တံခွန်နဲ့ ကုက္ကား ဆိုသလိုပဲ အစစ၊ အရာရာ သာလွန်ပြည့်စုံ ကောင်းမွန်တဲ့ ပို့စ် တွေ၊ မှတ်ချက်တွေ၊ ဆွေးနွေးချက် တွေဖြစ်လာမှာအမှန်ပါပဲ။

မိမိဘလော့ဂ်ရဲ့ Comment မှာရော၊ ပို့စ်တွေထဲမှာပါ အပြုံးလေးတွေကို လူမျိုးဘာသာမရွေး အားလုံးအသုံးပြုနိုင်ဖို့ အလွယ်ကူဆုံး နည်းလမ်းများကို ရှာဖွေ တင်ဆက်ထားပါတယ်။

နည်းလမ်း။ ။ Blogger Comment & Post Section တို့တွင် Smiles ရုပ်ပုံများထည့်သွင်းခြင်း

အောက်ပါအတိုင်းလုပ်ဆောင်ပါ။

(၁) မိမိရဲ့ စက်ထဲမှာ မီးမြေခွေး (FireFox) ဘရောက်ဇာ ရှိရပါမယ်။ မရှိခဲ့လျင် [ဒီနေရာ] မှာဒေါင်းလုဒ်ချ၍ Install လုပ်ပါ။

(၂) နောက်တစ်ခုကတော့ Greasemonkey ဆိုတဲ့ FireFox Addon ရှိရပါမယ်။ မရှိခဲ့လျင် [ဒီနေရာ] မှာ ဒေါင်းလုဒ်လုပ်၍ Install လုပ်ပါ။ ၎င်း Addon အား မိမိ FireFox Browser တွင် Install လုပ်ပြီးပါက ဘရောက်ဇာ၏ ညာဘက်အောက်ခြေထောင့်တွင် နီညိုရောင် မျောက်ခေါင်းပုံတစ်ခု ပေါ်လာမည်ဖြစ်သည်။

(၃) အထက်ပါအဆင့်များ အောင်မြင်စွာပြုလုပ်ပြီးစီးပါက Comment Section တွင် Smiles များထည့်သွင်းရန်အတွက် -

[ဤနေရာ] တွင် ”ကလစ်” လုပ်ပါ။ Greasemonkey မှ ၎င်း Script ကို Install လုပ်ပေးမည်ဖြစ်၍ အောက်ပါအတိုင်း Pop up ၀င်းဒိုး တစ်ခုတက်လာလျင် ”Install” ကိုသာ ဆက်၍ ကလစ်လိုက်ပါ။



ပြီးလျင် မိမိ၏ Comment ရေးသားသော နေရာတွင် အောက်ပါအတိုင်း Smile များနှင့်တကွ HTML Code အချို့ကိုပါ အလွယ်သုံးနိုင်အောင် လုပ်ပေးထားသော Tab လေးများကို တွေ့ရမှာဖြစ်ပါတယ်။



(၄) Post Section တွင် Smiles များထည့်သွင်းရန်အတွက် ကိုမူ -

[ဤနေရာ] တွင်ကလစ်လုပ်ပါ။ အထက်ကအတိုင်း Popup တစ်ခုတက်လာလျင် Install ကိုကလစ်ပါ။ပြီးလျင် အောက်ပါအတိုင်း မြင်တွေ့နိုင်ပါပြီ။



(၅) ဤနောက်ဆုံးအဆင့်တွင် အောက်ပါကုဒ် များကိုရှာ၍ အနီပြထားသော ကုဒ်များကို Delete လုပ်ပါ။

.post img {
margin:0 0 5px 0;
padding:4px;
border:1px solid $borderColor;
font-family: "ZawGyi-One", ZawgyiOne, Zawgyi1;
}


အဆုံးသတ်အနေဖြင့် အောက်ပါကုဒ် များကို မိမိ၏ Template ထဲရှိ </head> ဆိုသောကုဒ် မတိုင်မှီ Template ၏ CSS အပိုင်းတွင်ထည့်ပေးပါ။

img.emoticon {
padding: 0;
margin: 0;
border: 0;
}


ပြီးလျင် အားလုံး အဆင်သင့်ဖြစ်ပါပြီ။ ပို့စ်ရေးသောအခါ၊ သို့၊ မှတ်ချက်ရေးသောအခါ တွင် Smile များကိုအသုံးပြုလိုပါက၊ မိမိပေါ်စေချင်သော နေရာတွင် Cursor ချပြီး၊ အသုံးပြုမည့် Smile လေးများပေါ်တွင် ကလစ်ပေးလိုက်ရုံသာဖြစ်သည်။



မှတ်ချက်။ ။အထက်ပါ Smiles Hack တွင် Comment Section အတွက် Hack သည် ၎င်း Hack ကို Install လုပ်ထားသော ဘလော့ဂ် နှင့် အဆိုပါ စက်တွင်သာမြင်ရမည်ဖြစ်သည်။ အခြားသူများ၏ ဘလော့ဂ်နှင့် စက်များမှ မြင်တွေ့ရမည်မဟုတ်။ထို့ပြင် ဘလော့ဂ်၏ ပို့စ် Section တွင် Comment မှ Smile များပေါ်မည်မဟုတ်ပဲ သင်္ကေတများဖြင့်သာ ကိုယ်စားပြုမည်ဖြစ်သည်။ ဘလော့ဂ်၏ Comment Section တွင်သာ Smiles များကိုမြင်တွေ့ရမည်ဖြစ်သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Bluehost Review